Skip to main content

ထင်ဟပ်ပြသမှုများ


Having trouble? Watch on YouTube instead

သင့်ဝက်ဘ်ဆိုဒ်ကို ထင်ဟပ်ပြသမှုတစ်ခုပြုလုပ်ခြင်းသည် အရန် ပြုလုပ်ခြင်းနှင့် မတူပါ။ သင့်ဝက်ဘ်ဆိုဒ်ကို ထင်ဟပ်ပြသမှု ပြုလုပ်သောအခါ သင့်ဝက်ဘ်ဆိုဒ်တွင်ရှိသည့် (ပုံများ၊ CCS နှင့် JavaScript ဖိုင်များ) မရွေ့သော HTML version များကို copy ဒေါင်းလုဒ်လုပ်ထားပါ။ သင့်အတွက် ထိုထင်ဟပ်ပြသမှုကိုလက်ခံရန် အလွယ်တကူ လူများ ရရှိနိုင်သည်။ အရန်ပြုလုပ်ခြင်းနှင့်မတူဘဲ သင့် ၀က်ဘ်ဆိုဒ်နှင့် ပုံတူနေမည်။ သို့သော် သင့်ဝက်ဘ်ဆိုဒ်၏ ထင်ဟပ်ပြသခြင်း သည် တိကျသော ကော်ပီမဟုတ်ပေ။ ၎င်းသည် မပြောင်းမရွေ့သော ကော်ပီတစ်ခုသာဖြစ်သည်။ ဆိုလိုခြင်းမှာ log in ၀င်ခြင်း၊ တင်ထားသောစာများတည်းဖြတ်ခြင်း၊ ထင်မြင်သုံးသပ်ချက်များတင်ခြင်းတို့ကို မပြုလုပ်နိုင်ပေ။

သင်ဖန်တီးသည့် ထင်ဟပ်ပြသမှုကို မူပိုင်ဖန်တီးထား သော မည်သည့် ဆာဗာ၌မဆို သင့် မူပိုင် ပြုလုပ်နိုင်ပါ သည်၊ သို့သော် အလျင်မြန်ဆုံးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းတစ်ခုမှာ ယင်းကို လွတ်လပ်အချုပ်အချယ် ကင်းသော မူပိုင်ဆာဗာပေါ်များ ဖြစ်သည့် ဘလော့ဂါ သို့မဟုတ် ဝေါ့ပရက် များအပေါ်၌ မူပိုင်ဖန်တီးလုပ်ရန် အကောင်းဆုံးဖြစ်ပါသည်။

ဝက်ဘ်ဆိုဒ်တစ်ခုကို ထင်ဟပ်ပြသမှုပြုလုပ်ချိန်တွင် ၀က်ဘ်ဆိုဒ် ပေါ်ရှိ စာမျက်နှာတိုင်းကို ဒေါင်းလုဒ် လုပ်ရမည်။ ၀က်ဘ် ဆိုဒ်ကြီးများအတွက် ၀က်ဘ်ဆာဗာသို့ request ပေါင်း မြောက်မြားစွာပြုလုပ်ရပြီး အချိန်နှင့် bandwidth များစွာလိုအပ်မည်။ ၀က်ဘ်ဆိုဒ်ငယ်များအတွက် အတော် မြန်မြန်ပြီးမြောက်နိုင်သည်။

GNU wget သည် ၀က်ဘ်ဆိုဒ်များကို ထင်ဟပ်ပြသမှု ပြုလုပ်ရန် အတွက် အစွမ်းထက်သော ကိရိယာတစ်ခုဖြစ်သည်။ အမိန့်ပေးလိုင်းပရိုဂရမ် ဖြစ်သော်လည်း သုံးရန်လွယ်ကူ သည်။ လည်ပတ်စနစ်ကြီးများအားလုံးတွင် ရရှိနိုင်သည်။ သင် ပြုလုပ်ရမည့် အမိန့်ပေးခြင်းမှာ

wget -mkxKE -e robots=off http://www.example.org/နှင့် တူညီသည်။

သင့်ဝက်ဘ်ဆိုဒ်၏ URL နှင့် ကို http://www.example.org/ ပြောင်းရမည်။ wget ရွေးစရာအားလုံး ("-mkxKE -e robots=off") သည် ထင်ဟပ်ပြသမှုပြုလုပ်ရန်အတွက် အသင့်တော်ဆုံး settings များဖြစ်ကြသည်။ wget နှင့်သုံးနိုင်သည့် ရွေးချယ်စရာ စာရင်းအပြည့်အစုံကို http://man.cx/wget တွင် တွေ့နိုင်သည်။

သင် ဖွင့်လှစ်လည်ပတ်သည့် ဖိုလ်ဒါထဲတွင် wget က ထင်ဟပ်ပြသမှုကို သိမ်းဆည်းပေးမည်။ ဥပမာ - အကယ်၍ သင်၏ desktop မှ wget ကို ဖွင့်၍လည်ပတ်ပြီး www.gnu.org ထင်ဟပ်ပြသမှု တစ်ခုကိုပြုလုပ်လျှင် ထင်ဟပ်ပြသမှု ထဲရှိ ဖိုင်များအားလုံး ပါသည့် ဖိုလ်ဒါတစ်ခု desktop ပေါ်တွင် ဖန်တီးပေးမည်။ ၀က်ဘ်ရှာဖွေသည့်အရာဖြင့် HTML ဖိုင်များကို ဖွင့်နိုင်သည်။ ပင်မစာမျက်နှာသည် index.html ဟူ၍ ဖြစ်မည်။

အမျိုးမျိုးသော လည်ပတ်မှုစနစ်များတွင် wget ကို အသုံးပြုနည်းအတွက် ပို၍ အသေးစိတ်ဖြစ်သော လမ်းညွှန်ချက်များကို အောက်တွင် ဖော်ပြထားသည်။

Microsoft ၀င်းဒိုး

ဝင်းဒိုးများအတွက် wget ကို http://gnuwin32.sourceforge.net/packages/wget.htm တွင် ဒေါင်းလုဒ်ယူနိုင်သည်။Complete package, except sources” ကို ဒေါင်းလုဒ်ယူပြီး ၎င်းကို သင့် ကွန်ပျူတာတွင် တပ်ဆင်ပါ။

ဝင်းဒိုးတွင် wget ကို ဖွင့်၍လည်ပတ်ရန်အတွက် အမိန့်ပေးခြင်းအထောက်အမ ကို ဖွင့်ရမည်။ ၀င်းဒိုးအမျိုးမျိုးပေါ်မူတည်၍ အမိန့်ပေးခြင်းအထောက်အမ တစ်ခုဖွင့်ပုံ ကွဲပြားသည်။ သို့သော် ယေဘူယျအားဖြင့် Programs > Accessories > Command Prompt တွင် တွေ့နိုင်သည်။ အောက်ပါ ပုံသည် Windows 7 မျက်နှာပြင်ပုံဖြစ်သည်။

သင့် user ပင်မဖိုလ်ဒါတွင် စတင်ပါ။ Windows 7 တွင် "C:\Users\username." ဖြစ်ပြီး Windows XP တွင် "C:\Documents and Settings\username" ဖြစ်သည်။cd Desktop” ဟိုရိုက်ပြီး Desktop ဖိုလ်ဒါသို့ ပြောင်းရန် Enter ခလုတ်ကိုနှိပ်ပါ။ ဤနည်းဖြင့် သင့်ဝက်ဘ်ဆိုဒ်၏ ထင်ဟပ်ပြသမှုကို ဖန်တီးလျှင် သင့် ကွန်ပျူတာမျက်နှာပြင် ပေါ်တွင် သိမ်းဆည်းပေးမည်ဖြစ်သည်။

အောက်ဖော်ပြပါကို ရိုက်ပါ။

"C:\Program Files\GnuWin32\bin\wget.exe" -mkxKE -e robots=off http://www.example.com

ဤဥပမာတွင် "C:\Program Files\GnuWin32\bin\wget.exe" သည် wget ကို တပ်ဆင်သည့် တည်နေရာဖြစ်သည်။ ထိုသို့မဖြစ်ပါက သင်သည် wget ကို အခြားနေရာတွင် တပ်ဆင်ထား၍ ဖြစ်သည်။ "C:\Program Files\GnuWin32\bin\wget.exe" အစား သင် wget ကို တပ်ဆင်ထားသည့် တည်နေရာကို ရွေးချယ်ပါ။

wget အစား GUI ကို ပြောင်းလဲလိုပါက HTTrack ကို သုံးနိုင်သည်။

Mac OS X

အကယ်၍ သင်သည် Mac OS X Snow Leopard သို့မဟုတ် Lion ကိုသုံးပါက Rudix သိုလှောင်ရုံမှ wget ကို ဒေါင်းလုဒ်ယူနိုင်သည်။ wget အတွက် Mac OS X တပ်ဆင်သည့်အရာ (.pkg file) ကို https://code.google.com/p/rudix/wiki/wget မှ တိုက် ရိုက် ဒေါင်းလုဒ်ယူနိုင်သည်။

Terminal ၀င်းဒိုးကို ဖွင့်ပါ။ Terminal application ကို Applications > Utilities > Terminal တွင် သို့မဟုတ်terminal” အတွက် Spotlight ကိုရှာဖွေခြင်းဖြင့် တွေ့ရှိနိုင်ပါသည်။ Mac OS X တွင် terminal ကို ဖွင့်သောအခါ သင့် ပင်မဖိုလ်ဒါရှိ/Users/username” တွင်စတင်ပါ။cd Desktop” ကို ရိုက်ကာ သင်၏ Desktop ဖိုလ်ဒါထဲသို့ ရွှေ့ရန် Enter ခလုတ်ကို နှိပ်ပါ။ ဤနည်းဖြင့် သင့်ဝက်ဘ်ဆိုဒ်၏ ထင်ဟပ်ပြသမှုကို ဖန်တီးလျှင် သင့်desktop ပေါ်တွင် သိမ်းဆည်းပေးမည်ဖြစ်သည်။ ဤသည်မှာ http://www.example.org: ကို ထင်ဟပ်ပြသမှု ပြုလုပ်ထားသည့် ပုံဖြစ်သည်။

GNU/Linux

wget သည် GNU စီမံချက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သောကြောင့် ဖြန့်ချိသည့် GNU/Linux အားလုံးသည် wget တပ်ဆင်ပြီး ဖြစ်သင့်သည်။ အကယ်၍ တပ်ဆင် ထားခြင်းမရှိသေးပါက သင်၏ package manager မှ တပ်ဆင်နိုင်သည်။ ဤသည်မှာ http://www.example.org: ကို ထင်ဟပ်ပြသမှု ပြုလုပ်ရန် အမိန့်ပေးခိုင်းစေမှုများကို ရိုက်နှိပ်ထားသည့် ပုံဖြစ်သည်။

JavaScript license information