Skip to main content

အရန်များ - မျှဝေလက်ခံခြင်း

မျှဝေလက်ခံခြင်းတွင် သင့်ဝက်ဘ်ဆိုဒ်ကို အရန်ပြုလုပ်ရန် အတွက် ဖိုင်များနှင့် database များလိုအပ် သည်။ သင့်ဖိုင်များကို အရန်ပြုလုပ်ရန်အတွက် သင့်ကွန်ပျူတာတွင် ဖိုင်ကူးပြောင်းခြင်း client ကို ထည့်ထားရန် လိုအပ်သည်။ သင်၏ database ကို အရန်ပြုလုပ်ရန်အတွက် သင်သည် သင့်အား လက်ခံသူ၏ control panel ဆော့ဖ်ဝဲ ကို ၀င်နိုင်ရမည်။ မျှဝေလက်ခံခြင်း ၀န်ဆောင်မှု shared hosting services များတွင် အမျိုးမျိုးသော control panel ပေါင်းကူးစနစ် များ ရှိသည်။ အများစုက နည်းကိရိယာတစ်ခုဖြစ်သော cPanel ကို သုံးသည်။ သို့သော် မည်သည့် ပေါင်းကူးစနစ်ကိုသုံးသည်ဖြစ်စေ အရန်ပြုလုပ်ပုံ အဆင့်များသည် အဓိကအားဖြင့် အတူတူပင်ဖြစ်သည်။

ဝက်ဘ်ဆိုဒ်ဖိုင်များကို အရန်ပြုလုပ်ခြင်း

သင့်ဝက်ဘ်ဆိုဒ်ဖိုင်များကို အရန်ပြုလုပ်ရန်အတွက် သင့်၏အသုံးပြုသူအမည် နှင့် စကားဝှက်တို့နှင့် ချိတ်ဆက်ရန်အတွက် လက်ခံအမည် hostname (များသောအားဖြင့်သင့် domain အမည်ဖြစ်သည့်) တစ်ခု လိုအပ်သည်။

ဖိုင်ကူးပြောင်းခြင်း တစ်ခုလည်းလိုအပ်သည်။ FileZilla သည် လည်ပတ်လုပ်ဆောင်ခြင်းစနစ်များ အားလုံးတွင် အသုံးပြုနိုင်သည့် ဖိုင်ကူးပြောင်းခြင်း အရင်းအမြစ်တစ်ခု ဖြစ်သည်။ ၀င်းဒိုး သို့မဟုတ် Mac OS X ကိုအသုံးပြုပါက FileZilla နောက်ဆုံးversion ကို ၎င်းတို့၏ ဒေါင်းလုဒ် စာမျက်နှာတွင ဒေါင်းလုဒ် ရယူနိုင်သည်။ အကယ်၍ GNU/Linux ကို အသုံးပြုပါက သင်၏ လည်ပတ်လုပ် ဆောင်မှု စနစ်၏ package manager မှ တပ်ဆင်နိုင် သည်။

သင်၏ ၀က်ဘ်ဆိုဒ်ကို အရန်ပြုလုပ်ရန် FileZilla ကို ဖွင့်ပါ။ တည်နေရာမန်နေဂျာ - Site Manager (ဘားပေါ်ရှိ အပေါ်ဆုံးမှ ပထမဆုံး သင်ကေတ) ကိုဖွင့်ပါ။

  • တည်နေရာ အသစ်ကိုဖွင့်ကာ အမည်တစ်ခုပေးပါ။ သင့်ဆာဗာ၏ hostname ကို Host အကွက်တွင် ထည့်ပါ။ (http:// မပါသည့် သင့် ၀က်ဘ်ဆိုဒ်၏ domain အမည်ဖြစ်နိုင်သည်။) Port အကွက်ကို ကွက်လပ်ထားနိုင်သည်။

  • Protocol dropdown menu ကိုနှိပ်ပြီး SFTP ကိုရွေးပါ။ SFTP ကိုသုံး၍ သင့်ကို လက်ခံသည့်ဆိုဒ်နှင့် ချိတ်ဆက်မရပါက FTP ကို ရွေးပါ။ SFTP ကိုသုံး၍ ဖိုင်ကူးပြောင်းခြင်းသည် ကုတ်နံပါတ်ဖြင့် ပြုလုပ်ထားပြီး လုံခြုံသည်။ FTP သုံး၍ ကူးပြောင်းခြင်းသည် လုံခြုံမှုမရှိပါ။ သင်၏ အရန် အချက်အလက်များကို FTP သုံး၍ ကူးပြောင်းခြင်းသည် အန္တရာယ်များသည့် အလားအလာရှိပြီး သင့်ဆိုဒ်အား နှောင့်ယှက်မှု (hack) ကို ခံရနိုင်သည်။
  • Logon အမျိုးအစား drop-down menu ကိုနှိပ်ပြီး FileZilla က သင့်စကားဝှက်အား မှတ်မိစေလိုပါကNormal” ကို ရွေးပါ။ သင်ချိတ်ဆက်တိုင်း စကားဝှက်ကိုရိုက်ထည့်လို ပါကAsk for password” ကို ရွေးပါ။

  • ချိတ်ဆက်ရန် အဆင်သင့်ရှိပါက ချိတ်ဆက်ရန် ကို နှိပ်ပါ။

မှတ်ချက်အကယ်၍ SFTP ကိုသုံးပါကUnknown Host key” အမည်မသိ host key မက်ဆေ့ခ်ျကို ပထမအကြိမ် ရရှိမည်။

Always trust this host, add this key to cache” ကို အမှတ်ခြစ်ပြီး OK ကို နှိပ်ပါ။ ယခုမှစ၍ ထိုဒိုင်ယာလော့ဂ် ထပ်မံပေါ်မလာသင့်တော့ပါ။ ပထမဦးဆုံးအကြိမ် SFTP ဆာဗာဖြင့် ချိတ်ဆက်ချိန်များတွင် လမ်းခုလပ်မှတိုက်ခိုက်သူ (Man in the Middle Attack) ပစ်မှတ်ထားခံရခြင်းကို ခံရမည်မဟုတ်ပါ။ ထို့ကြောင့် ပထမအကြိမ်တွင် host key ကို ယုံကြည်ရကြောင်း ပြုလုပ်ပါ။ ထို host သို့ ချိတ်ဆက်နေစဉ်အတွင်း တိုက်ခိုက် နှောင့်ယှက်ခံရပါက သင် သိမ်းဆည်းထားသည့် key နှင့် ကွဲပြားကြောင်း dialogue သတိပေးချက်ကို တွေ့မြင်ရမည်။ ၎င်းကို ပထမအကြိမ် အသုံးပြုချိန်တွင် ယုံကြည်ထားခြင်း (TOFU) ဟု ခေါ်သည်။

ယခုတွင် သင်သည် သီးခြား ဆာဗာတစ်ခုဖြင့် ချိတ်ဆက်နေသင့်သည်။ ချိတ်ဆက်ရန် ပြဿနာ ရှိပါက Site manager ကိုထပ်ဖွင့်ပြီး settings ကို စစ်ဆေးပါ။

  • ချိတ်ဆက်ပြီးလျှင် FileZillaတွင် view ကွဲပြားနေသည်ကို တွေ့ရမည်။ ဘယ်ဘက်တစ်ဝက်သည် သင့် ကွန်ပျူတာ ကို ပြသပြီး ညာဘက်တစ်ဝက်သည် သီးခြား ဆာဗာကို ပြသမည်။ သင် အရန်လုပ်၍ သိမ်းလိုသည့် ဖိုလ်ဒါကို သင့်ကွန်ပျူတာဘက်တွင် ရှာဖွေပါ။
  • ပြီးနောက် သီးခြား ဆာဗာတွင် သင့်ဝက်ဘ်ဆိုဒ်၏ document rood folder ကို ရှာပါ။ ၎င်းကိုhtdocs”docs” public_html” သို့မဟုတ် သင့် hostname ဖြင့် ခေါ်ဆိုနိုင်သည်။ ၎င်းကို ညာခလုတ်နှိပ် (right click) ပြီး ဒေါင်းလုဒ်လုပ်ပါ။

သင့်ဝက်ဘ်ဆိုဒ်ရှိ ဖိုင်များအားလုံး၏ ကော်ပီကို သင့်ကွန်ပျူတာထဲတွင် ဒေါင်းလုဒ်လုပ်ပြီးဖြစ်မည်။

MySQL database ကို အရန်ပြုလုပ်ခြင်း

အောက်ပါတို့သည် Dreamhost နှင့် Bluehost ကို အသုံးပြု၍ MySQL database ကို အရန်များပြုလုပ်ရန် လမ်းညွှန်ချက်များဖြစ်သည်။ သင်သည် အထက်ပါ shared hosting တစ်ခုခုကိုမျှ အသုံးမပြုပါကလည်း အောက်ပါ လမ်းညွှန်ချက်များကို ကိုးကား၍ MySQL အရန်များကို မည်သို့ပြုလုပ်ရမည်ကို ပုံဖော်ကြည့်နိုင်ပါ သည်။ မျှဝေပေးသည့် မူပိုင်ဝက်ဘ်ဆိုဒ် အများစုတွင် database များကို စီမံနိုင်သည့် phpMyAdmin ဟုခေါ်သော ဆော့ဖ်ဝဲတစ်ခုကို တပ်ဆင်ထားပြီး ဖြစ်သည်။ သင်၏ မူပိုင်ဝက်ဘ်ဆိုဒ် ဖြင့် phpMyAdmin ကို ရရှိနိုင်ပါက အောက်ပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာ လုပ်ဆောင်နိုင်သည်။

သင်၏ ၀က်ဘ်ဆိုဒ်ကို အရန်ပြုလုပ်ရန်အတွက် MySQL username နှင့် စကားဝှက်ကို သိရမည်။ WordPress ကို အသုံးပြုပါက ၎င်းတို့ကို wp-config.php ဖိုင်ထဲတွင် တွေ့ရှိနိုင်သည်။ Drupal ကို သုံး ပါက သင်၏ sites/default/settings.php ဖိုင်ထဲတွင် တွေ့နိုင်သည်။ အခြားသော CMS ကိုသုံးပါက MySQL username နှင့် စကားဝှက်ကို config ဖိုင်ထဲတွင် တွေ့ရှိနိုင်သည်။

Dreamhost databases ကို အရန်ပြုလုပ်ခြင်း

သင်၏ Dreamhost account အကောင့်ကိုဝင်ပါ။ ပြီးနောက် Goodies menu ကို ချဲ့ပြီး MySQL databases ကို နှိပ်ပါ။

သင့်ဝက်ဘ်ဆိုဒ်ကို တည်ဆောက်ချိန်တွင် သင်သည် သင်တည်ဆောက်သည့် MySQL hostnames စာရင်းတွင် ပါဝင်မည်။ hostname နှင့်ကပ်လျှက် ရှိသည့် သင် အရန် ပြုလုပ်လိုသည့် phpMyAdmin လင့်ခ် ကို နှိပ်ပါ။

phpMyAdmin က tab အသစ်ကိုဖွင့်ပေးပြီး MySQL အသုံးပြုသူအမည်နှင့် စကားဝှက်ကိုသုံး၍ ၀င်ပါ။ Dreamhost တွင် site များစွာကို အရန်ပြုလုပ်ပါက သင် အရန်လုပ်လိုသည့် site တစ်ခုချင်းစီအတွက် ထိုအဆင့်ကို ထပ်ခါထပ်ခါ ပြုလုပ်ရမည်။

ဘယ်ဘက်ဘောင်ထဲရှိ သင့် database အမည်ကို နှိပ်ပါ။ ထို့နောက် အထက်ရှိ Export tab ကို နှိပ်ပါ။

Default settings အားလုံးကို လုံခြုံစွာ ထားနိုင်သည်။ အောက်ဆုံးရှိ Go ခလုတ်ကို မနှိပ်မှီzipped” ရေဒီယို ခလုတ်ကို ရွေးပြီးဖိုင်အဖြစ်သိမ်းဆည်းပါကိုလည်း အမှတ်ခြစ် ထားပါ။ Go ကို နှိပ်ပြီးသောအခါ phpMyAdmin က သင့် database ကို ဇစ်ဖိုင်အဖြစ် ဒေါင်းလုဒ် လုပ်ပေးမည်။

သင်၏အရန်ဖိုင်ကို သိမ်းပြီးသောအခါ အရန်ပြုလုပ်သည့် နေ့စွဲထည့်ရန်အတွက် ဖိုင်အမည်ကို အသစ်ပေးနိုင်သည်။

BlueHost databases များကို အရန် ပြုလုပ်ခြင်း

https://my.bluehost.com/cgi/account/cpanel တွင် သင်၏ BlueHost အကောင့်ကို ၀င်ပါ။ screen ၏ ဘယ်ဘက်အထက်ရှိ cPanel tab ကို နှိပ်ပါ။ cPanel သည် ရေပန်းစားသည့် shared hosting control panel ဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ အမျိုးမျိုးသော မူပိုင်ဝက်ဘ်ဆိုဒ် များက ဤသို့ တစ်ပုံစံတည်း တူညီသော ဆော့ဖ်ဝဲကို အသုံးပြုကြသည်။ ထို့ကြောင့် အောက်ပါ လမ်းညွှန်ချက်များသည်လည်း အသုံးတည့်နိုင်ပါသည်။

Databases အပိုင်းထိရောက်အောင် အောက်သို့ရွှေ့ပါ။ phpMyAdmin ကိုနှိပ်ပါ။

MySQL username နှင့်စကားဝှက်ကိုသုံး၍ ၀င်ပါ။

ဘယ်ဘက်ဘောင်ထဲရှိသင်၏ database အမည်ကို နှိပ်ပါ။ ပြီးနောက် မျက်နှာပြင်၏ အထက်ရှိ Export tab ကို နှိပ်ပါ။

Quick” ရှိ Export Method နှင့် SQL ရှိ Format တို့ကို လုံခြုံစွာ ထားနိုင်သည်။ သင်၏ database အရန်ကို ဒေါင်းလုဒ် လုပ်ရန် Go ကို နှိပ်ပါ။

သင်၏အရန်ဖိုင်ကို သိမ်းပြီးသောအခါ အရန်ပြုလုပ်သည့် နေ့စွဲထည့်ရန်အတွက် ဖိုင်အမည်ကို အသစ်ပေးနိုင်သည်။

JavaScript license information